• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

စိတ်ပင်ပန်းနွမ်းနယ်တဲ့အခါ ဘာတွေစားသင့်လဲ ဘာတွေလုပ်သင့်လဲဆိုတာကို အာရှတော်ဝင်ဆေးရုံမှ အများပြည်သူများဗဟုသုတ ရရှိစေရန် Good Health Journal ၌ ဒေါက်တာစိမ့် ဖော်ပြထားတာလေးကို မျှဝေပေးလိုက်ပါတယ်။

စိတ်ပင်ပန်းနောက်ကျိလာတဲ့အခါမှာ များသောအားဖြင့် သွားလာလှုပ်ရှားမှုတစ် ခုခုလုပ်ပြီး အာရုံအပြောင်းအလဲဖြစ် အောင်၊ စိတ်ပင်ပန်းမှုတွေ လျော့နည်း သက်သာအောင် လုပ်ကြပါတယ်။ လူ တော်တော်များ သတိမေ့နေကြတာက အစားအသောက်ကိုပါ ဂရုစိုက်ပေးဖို့ပါ။

ဒါကြောင့် စိတ်ဓာတ်ကျတာ၊ စိတ်ပင်ပန်း နွမ်းနယ်တာတွေအတွက်အစားအသောက် နဲ့ပတ်သက်ပြီး အကြံဥာဏ်ကောင်းလေး တွေ ဝေမျှပေးချင်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ဓာတ်နဲ့ အတွေးတွေကို အထောက်ပံ့ ဖြစ်စေမယ့် အစားသောက်ကောင်းတွေ စားစေချင်ပါတယ်။ စိတ်ညစ်လို့ မစား မသောက်ဘဲနေတာက ကြုံနေရတဲ့ သောကကို ပိုကြီးထွားစေပြီး စိတ်တိုတာ တွေ၊ စိတ်ရှုပ်တာတွေ ပိုဖြစ်စေပါတယ်။ ကိုယ်ဟာဒီစိတ်ညစ်မှုတွေကနေ တကယ် လွတ်မြောက်ချင်တယ်ဆိုရင်တော့ အစား သောက်ကိုလည်း ဂရုစိုက်စားရပါမယ်။
-ဗီတင်မင်ဘီ ကြွယ်ဝတဲ့အစားစာတွေ စားပါ။ Vitamin B-12 ဗီတာမင် ဘီ ၁၂၊ folic acid ဖောလစ်အက်စစ်၊ citric acid စစ်ထရစ်အက်စစ်အတွက် အချဉ်ဓာတ် ပါတဲ့ သစ်သီးတွေ၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်သားနဲ့ ဥတွေကို စားတာဖြစ်ဖြစ်၊ ဗီတာမင်ဘီ အားဆေး တွေ သောက်တာဖြစ်ဖြစ် လုပ်မယ်ဆိုရင် စိတ်ဓာတ်ကျဆင်းနေတာတွေကို လျော့ပါး သက်သာလာစေပါတယ်။
-omega 3 fatty acid အိုမီဂါသရီး ဖက်တီးအက်စစ်ကလည်း စိတ်ကို တည်ငြိမ်ကောင်းမွန်စေပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ပါတဲ့ အားဆေးတွေ သောက်ရင်သောက်၊ မသောက်ရင်လည်း ငါးကြီးဆီစားတာ၊ သောက်တာ၊ ဆယ်လ် မွန်ငါး၊ တူနာငါးတွေ စားသုံးပေးရင်လည်း ဒီဓာတ်ကို ရရှိနိုင်တာမို့ ဆူရှီ ကြိုက်တဲ့သူ တွေအတွက် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ပါပဲ။
-အချိုဓာတ်လွန်ကဲလွန်းတဲ့အစားစာတွေ ကဖင်းဓာတ်ပါတာတွေ၊ အယ်လ်ကိုဟော ပါတာတွေ၊ တာရှည်ခံဆေးတွေပါတဲ့ အစားစာတွေဟာ ဦးနှောက်ကို ထိခိုက်စေ တာမို့ အခုလို စိတ်ဓာတ်တွေ ယိုယွင်းကျ ဆင်းနေချိန်မှာ ရှောင်စေချင်ပါတယ်။ အချိုရည်တွေထက် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပါ။
-ကိုယ်က မုန့်လုပ်စားတာမျိုး ဝါသနာပါ တယ်ဆိုရင် ကိုယ်တိုင် မုန့်လုပ်စားပါ။ သူငယ်ချင်းတွေနဲ့ တူတူလုပ်စားတာ ဖြစ်ဖြစ်ပေါ့။ ကိုယ်လုပ်နေတဲ့ ကိတ်မုန့်ဖြစ် ဖြစ်၊ အသုပ်ဖြစ်ဖြစ်ကို အရသာကောင်း အောင် အာရုံရောက်နေတဲ့အတွက် ကိုယ့် စိတ်ဟာ စိတ်ညစ်စရာတွေနဲ့ ဝေးပြီး အေး ချမ်းနေမှာပါ။ ပြီးရင် အိမ်သားတွေ၊ တခြား သူတွေကို မျှဝေကျွေးရတာကလည်း ပျော်စရာကြီးပါပဲ။
-ဒီလိုစားသောက်တဲ့အပြင် အမြဲတမ်း အိမ်တွင်း အောင်းနေတာမျိုး မဟုတ်ဘဲ အပြင်ကိုထွက်ပြီး သဘာဝနဲ့ ထိတွေ့စေ ချင်ပါသေးတယ်။ ခြေခင်းလက်ခင်းသာတဲ့ နေရာမျိုး၊ စိတ်ကြည်နူးသာယာစေမယ့် နေရာမျိုးမှာ လမ်းလျှောက်ထွက်ပါ။ မနက် ၁၀ နာရီမတိုင်မီထွက်တဲ့ နေရောင် ခြည်နဲ့ ထိတွေ့မယ်ဆိုရင် ခန္ဓာကိုယ်က serotonin level တက်လာပြီး အကျဘက် ဦးတည်တဲ့ ခံစားချက်အတွေးမျိုးတွေကို ပျောက်ကင်းသက်သာစေပါတယ်။
ဒီလို ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံ လေးကို နည်းနည်းလောက်ဂရုစိုက်လိုက်ရုံ နဲ့ ကျန်းမာပျော်ရွှင်တဲ့အနေထားမျိုးကို အလွယ်တကူ ပြန်လည်ရရှိမှာ ဖြစ်ပါ တယ်။
Credit# ဒေါက်တာစိမ့်
Good Health Journal
=========================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် – 01-2304999 နှင့် 01-538055 သို့ ၂၄/၇ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၂၃၀၄၉၉၉ ၊ ၀၁-၅၃၈၀၅၅။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital