• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

ကမ္ဘာတစ်ဝန်းဆီးချိုရောဂါနှင့် ဆက်စပ်သော အမြင်အာရုံဆုံး ရှုံးမှု စိုးရိမ်စရာနှုန်းဖြင့် မြင့်တက်လာသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအကြား ဆီးချိုရောဂါနှင့် ဆက်စပ်သော မျက်စိကွယ်မှု (သို့မ ဟုတ်) အမြင်အာရုံချွတ်ယွင်းမှုနှုန်း ၂၇ ရာခိုင်နှုန်း မြင့်တက်လာ သည်။

ဆီးချိုရောဂါကြောင့် မျက်ကြည်လွှာ ပျက်စီးမှုဖြစ်ပေါ်ကာ မျက်စိကွယ်သွားသူအရေအတွက်မှာလည်း လူ ၃၉ ဦးတွင် တစ်ဦးရှိ ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း ဆီးချိုရောဂါဖြစ်ပွားသူအရေအတွက်ပိုများလာ စဉ် လိုအပ်သော ဆေးဝါးကုသမှု မခံရပါက နောက်ထပ်ဆီးချိုရော ဂါနှင့် ဆက်စပ်သော အမြင်အာရုံဆုံးရှုံးသူအရေအတွက် ပိုများလာ နိုင်ကြောင်း Diabetes Care ဂျာနယ်တွင်ပါရှိသည့် လေ့လာမှုက ဖော်ပြသည်။

ဆီးချိုရောဂါသည်များ၏ သွေးထဲတွင် သကြားဓာတ်အလွန်မြင့် မားနေခြင်းကြောင့် မျက်ကြည်လွှာထိခိုက်ပျက်စီးမှုဖြစ်ပေါ်လေ့ရှိ သည်။ မြင့်မားသော သကြားဓာတ်ကြောင့် မျက်ကြည်လွှာထဲရှိ နူး ညံ့သော သွေးကြောများထိခိုက်ပျက်စီးပြီး အမြင်အာရုံချွတ်ယွင်းမှု ဖြစ်ပေါ်နိုင်သည်။

ယင်းကဲ့သို့ ထိခိုက်ပျက်စီးမှုပိုများလာပါက သွေးကြောများ စတင်ယိုစိမ့်ပြီး အမြင်အာရုံချွတ်ယွင်းခြင်း (သို့မဟုတ်) မျက်စိကွယ် ခြင်းဖြစ်နိုင်သည်။

ထို့အပြင် ယင်းကဲ့သို့ မျက်ကြည်လွှာထိခိုက်မှုသည် ဆီးချိုရော ဂါသည်များတွင် ကနဦးရောဂါလက္ခဏာပြသလေ့မရှိသဖြင့် အန္တ ရာယ်များသည်။

ထို့ကြောင့် ဆီးချိုရောဂါသည်များသည် နှစ်စဉ်မျက်စိစစ်ဆေး မှု ခံယူရန်လိုပြီး မျက်စိဆရာဝန်၏ လမ်းညွှန်မှုခံယူသင့်သည်။

ဆီးချိုရောဂါသည်များအနေဖြင့် သွေးထဲ သကြားပါဝင်မှုကို ထိန်းချုပ်မှုကောင်းမွန်မှုမရှိခြင်း၊ မျက်စိကျန်းမာရေးဌာနများတွင် စစ်ဆေးမှု ခံယူခြင်း လုံလောက်မှုမရှိသောကြောင့် ကမ္ဘာတစ်ဝန်း ဆီးချိုရောဂါနှင့် ဆက်စပ်သော အမြင်အာရုံချွတ်ယွင်းသူ အရေအ တွက် ပိုများလာရကြောင်း သုတေသီများကပြောသည်။

Ref: MNT
7day daily news
=========================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် – 01-538055 နှင့် 01-2304999 သို့ ၂၄/၇ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၅၃၈၀၅၅၊ ၀၁-၂၃၀၄၉၉၉။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital