• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

Asia Royal Hospital page ကို Like လုပ်ထားခြင်းအားဖြင့် မိဘပြည်သူများအတွက် အပတ်စဉ် ကျန်းမာရေးဗဟုသုတသတင်းများ၊ ကျန်းမာရေးနှင့်ပက်သက်သောသတင်းထူးများ၊ Treatment အသစ်များ၊ အာရှတော်ဝင်ဆေးရုံမှ service များ၊ promotion များကို အချိန်နှင့်တပြေးညီ update ရယူနိုင်ပါသည်။
သွေးစစ်လိုက်၍ Anti-HCV Antibody positive ဖြစ်လျှင်စီပိုးရှိသည်ဟု ခေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၂၅% (၁၅ သန်းခန့်) စီပိုး ကူးစက်ခံခဲ့ရပြီး ဖြစ်ပါသည်။


အရှေ့တောင်အာရှ ဒေသသည် အသည်းရောင် အသားဝါ စီပိုး ကူးစက်မှု အများဆုံး စာရင်းတွင် ပါဝင်လျက်ရှိသည်။
ကူးစက်နိုင်သော နည်းလမ်းများ
အသည်းရောင်အသားဝါ ဘီရောဂါပိုးထက် ကူးစက်မှုနှုန်းအဆတစ်ရာ နည်းပါးသည်။
အတူတူနေထိုင်စားသောက်၍ မကူးစက်ပါ။
သွေးနဲ့ထိမှသာ ကူးပါသည်။
စီပိုးပါသောသွေး သွင်းမိခြင်း။
ပိုးရှိသောအပ်များဖြင့် ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း။
ပိုးရှိသော ဓားတစ်ချောင်းတည်းဖြင့် ဆက်တိုက်ခေါင်းရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း။
ပိုးရှိသောသူနှင့် သွားတိုက်တံ၊ သွားကြားထိုးတံ၊ မုတ်ဆိတ်ရိတ်ဓား အတူတူသုံးခြင်း။
လင်မယား ကူးစက်မှုမရှိသလောက် နည်းပါသည်။
မိခင်မှမွေးလာသောကလေးကို ကူးစက်မှု မရှိသလောက်နည်းပါသည်။
စီပိုး အတွက် ကာကွယ်ဆေး မရှိသေးပါ။ ကာကွယ်ဆေး မရှိသေးသော်လည်း ကူးစက်နိုင်သည့် နည်းလမ်းများကို သိရှိ နားလည်ထား၍ ရောဂါ မကူးစက်အောင် အသိတရားနှင့် ရှောင်ကျဉ် ကာကွယ် နိုင်ပါသည်။
အချိန်မရွေး ကူးစက်နိုင်သည် ဖြစ်ပါသောကြောင့် ရောဂါပိုး ကူးစက် လွယ်ကူသောသူများ အဓိကအားဖြင့် healthcare workers များ စီပိုး ရှိ / မရှိ နှစ်စဉ် ပုံမှန် စစ်ဆေးသင့်သည်။ ရောဂါပိုး မကူးစက်နိုင်သည့် သူများ သည်လည်း.. အနည်းဆုံး ၃ နှစ် တစ်ခါ စစ်ဆေး နေနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။
နောက်ဆက်တွဲ ဆိုးကျိုးများ
၁။ စီပိုးဝင်ရောက်သူ ၅၀% မှ ၈၀% ခန့်သည် နာတာရှည်ရောဂါပိုးသယ်ဆောင်သူ ဖြစ်နိုင်ပါသည်။ (Chronic Carrier)
၂။ နာတာရှည်ရောဂါပိုး သယ်ဆောင်သူများသည် နောင်အနှစ် ၂၀-၃၀ ကျော်ပါက အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာများ ဖြစ်နိုင်ပါသည်။
လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ
၁။ စီပိုး (Anti-HCV Ab) ရှိသည်ဟုဆိုလျှင် တိကျမှန်ကန်သော စက်ကြီးများဖြင့် ထပ်မံစစ်သင့် ပါသည်။
၂။ စီပိုး (Anti-HCV Ab) ရှိတာ သေချာလျှင် အသည်းကောင်းမကောင်းသိရန် အောက်ပါ အချက်အလက်များကို စစ်ဆေးပါ။
အ၀ါဓာတ်။ (Bilirubin)
အသည်းအင်ဇိုင်းစစ်ဆေးခြင်း။ (ALT-AST)
သွေးတွင်းအသားဓာတ် စစ်ဆေးခြင်း။
တယ်လီဗီးရှင်းရိုက်ခြင်း။ (USG abdomen)
အသည်းကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။ (CT scan)
အစာအိမ်မှန်ပြောင်းဖြင့် အသည်းရောဂါကြောင့် အစာရေမြိုသွေးကြော ထုံး မထုံ စစ်ဆေးခြင်း။
သွေးဖြူဥ၊ သွေးနီဥနှင့် သွေးမွှား အရေအတွက်များ စစ်ဆေးခြင်း။ (CP)
ပုံမှန်သွေးစစ်ဆေးခြင်း။ (RBS, U & E, Creatinine)
၃။ စီပိုးနှင့်အတူ ဘီပိုးနှင့် HIV ပိုး ပူးတွဲရှိ မရှိ စစ်ဆေးခြင်း။
၎။ စီပိုးသေဆေးဖြင့် ကုသမည်ဆိုပါက-
စီပိုးအရေအတွက် (HCV viral load) နှင့် စီပိုး အမျိုးအစား (HCV Genotype) တို့ကို စစ်ဆေးရပါမည်။
စီပိုးသေဆေးဖြင့် ကုသရန် လိုအပ်သော လူနာများ
စီပိုးအကောင်ရှိသူတိုင်း (HCV RNA positive) စီပိုးသေဆေးသုံး၍ ကုသသင့်ပါသည်။
သို့ပါသော်လည်း အသည်းသိပ်ခြောက်သူများ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊ ကျောက်ကပ် ပျက်စီးနေသူများ၊ စိတ်ရောဂါရှိသူများနှင့် အခြားရောဂါကြီးရှိသူများသည် ကျွမ်းကျင်သူပါရဂူနှင့် တိုင်ပင်၍ ကုသသင့်မသင့် ဆုံးဖြတ်ရပါမည်။
စီပိုးသေရန် ကုသနိုင်သော နည်းလမ်းများ
အင်တာဖရွန် (Interferon) ထိုးဆေးနှင့် ရီဘာဗရင်း (Ribavarin) စားဆေး နှစ်မျိုး တစ်ပြိုင်တည်းပေး၍ ကုရပါမည်။
ယင်းဆေးနှစ်ခုထဲမှ တစ်မျိုးတည်းသုံး၍ မကုရပါ။
စီပိုးသေဆေး၏ ဆိုးကျိုးများ
၁။ ထိုးဆေး၏ ဆိုးကျိုးများ
ကုန်ကျစရိတ်များခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ တုပ်ကွေးကဲ့သို့ကိုက်ခဲခြင်း၊ နှုံးခြင်း၊ သွေးအားနည်းခြင်း၊ သွေးဖြူဥနည်းခြင်း၊ မျက်စေ့ကြည့်မကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရိုးတွင်းခြင်ဆီ အားနည်းခြင်းနှင့် အခြားဆိုးကျိုးများရှိနိုင်ပါသည်။
၂။ သောက်ဆေး၏ ဆိုးကျိုးများ
သွေးနီဥများ ပေါက်ကွဲ၍ အားနည်းခြင်း ရှိနိုင်ပါသည်။
သို့ပါသော်လည်း စနစ်တကျ စစ်ဆေးကုသပါက လူနာအများစုမှာ စီပိုးသေဆေးဒဏ်ကို ခံနိုင်ပါသည်။
စီပိုးသေဆေး ကုသရမည့်ကာလ
စီပိုးအမျိုးအစား (Genotype) ပေါ်မှုတည်၍ ဆေးကုရမည့်ကာလ ကွဲပြားပါသည်။
အမျိုးအစား ၁၊ ၄၊ ၅၊ ၆ ခွဲခြားမရ – (၁)နှစ် ကုသရပါမည်။
အမျိုးအစား ၂၊ ၃ – (၆)လ ကုရပါမည်။
စီးပိုးသေဆေး သုံးရမည့် ထိုးဆေး
အမျိုးအစား ၁၊ ၄၊ ၅၊ ၆၊ ခွဲခြားမရ – ဈေးကြီးသော (Peg Interferon) ဆေးကိုသာ သုံးရပါမည်။
အမျိုးအစား ၂၊ ၃ – ဈေးကြီးသော (Peg Interferon) ဆေး (သို့မဟုတ်) ရိုးရိုး အင်တာဖရွန် (Standard Interferon) ကို သုံးနိုင်ပါသည်။
စီပိုးသေဆေး စားဆေး ဘယ်လောက်သုံးရမှာလဲ
အမျိုးအစား ၁၊ ၄၊ ၅၊ ၆၊ ခွဲခြားမရ – ရီဘာဗရင်း (Ribavarin) တစ်နေ့လျှင် အနည်းဆုံး 1000mg ပေးရပါသည်။
ဆေးကုသခြင်း၏ အကျိုးကျေးဇူးများ
၁။ စီပိုး ပျောက်သွားပါမည်။
၂။ အသည်းထိခိုက်မှုဒဏ်ရာများ သက်သာစေပါမည်။
၃၊ ရေရှည်တွင် နာတာရှည်အသည်းရောဂါ၊ အသည်းအခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ မဖြစ်အောက် ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။
လူနာများလိုက်နာရန်
အရက် လုံးဝမသောက်ရပါ။
ဆေးလိပ်၊ ကွမ်း လုံးဝမစားရပါ။
ဟင်းထဲတွင် အဆီအနှစ်၊ မလိုင်၊ ထောပတ်၊ နို့၊ ကြက်ဥ၊ ဘဲဥ၊ ဘဲဥအနှစ် နှင့် ဆီကြော်မုန့်မှန်သမျှ မစားရပါ။
ဆိုးဆေးအရောင်ပါဝင်သော အရည်၊ မုန့်များ မစား၊ မသောက်ရပါ။
သံဓာတ်ပါဝင်သော အစားအစာ ( အသဲအမြစ်၊ ကလီစာ၊ ဟင်းနုနယ်) မစားရပါ။
သံဓာတ်ပါဝင်သော အားဆေးများ မသောက်ရပါ။
အချဉ်ရည် (သံပုရာသီး၊ ရှောက်သီး) အများကြီး မစား၊ မသောက်ရပါ။
Vitamin C အများကြီး မသောက်ရပါ။
အငန် (ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်) လျှော့စားပါ။
ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ စီရောဂါပိုးကာကွယ်ဆေး မရှိသေးပါ။ သို့ဖြစ်ပါ၍ စီပိုး ကူးစက်မခံရအောင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
Ref: Doctor On Call
=========================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် – 01-2304999 နှင့် 01-538055 သို့ ၂၄/၇ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၂၃၀၄၉၉၉ ၊ ၀၁-၅၃၈၀၅၅။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital