• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

လေးညှင်း၊ စမုန်စပါးနှင့် စမုန်နက်တို့ကဲ့သို့ အပင်များမှ ထုတ် လုပ်ထားသော ရှူလိမ်းဆေးအဆီများတွင် ပါဝင်သည့် အချို့သော ပစ္စည်းများက လေထုညစ်ညမ်းမှုကြောင့်ဖြစ်သော အဆုတ်နှင့် အသည်းအခြေအနေများကို သဘာဝအတိုင်း သက်သာပျောက် ကင်းစေနိုင်ကြောင်း လက်ဘနွန်နှင့် ပြင်သစ်နိုင်ငံတို့ရှိ သုတေသီများ က ပြောသည်။

ကင်ဆာဖြစ်နိုင်သော အန္တရာယ်ရှိသည့် ညစ်ညမ်းသောလေထု ထဲတွင် ပါဝင်သော အမှုန်များကြောင့်ဖြစ်သော ရောင်ရမ်းမှုများကို အပင်အခြေခံရှူဆေး၊ လိမ်းဆေးအချို့အသုံးပြု၍ ကုသနိုင်ကြောင်း သုတေသီများက ပြောသည်။

ဆေးဖက်ဝင်အပင်များမှရသော ရှူဆေးလိမ်းဆေးအဆီများ တွင် မတူညီသော ဒြပ်ပေါင်းများပါဝင်ပြီး ယင်းဒြပ်ပေါင်းအချို့သည် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိကြောင်း သိရသည်။ ထို့အပြင်ရောင် ရမ်းမှုကို လျော့ကျစေနိုင်သော ဓာတ်များလည်း ယင်းရှူဆေးလိမ်း ဆေးအဆီများတွင် ပါဝင်သည်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် သုတေသီများက ညစ်ညမ်း သော လေထုနမူနာများ၊ လူသားဆဲလ်များကို ဓာတ်ခွဲခန်းတွင် လေ့လာခဲ့ရာ ညစ်ညမ်းသော လေထု၌ ပါဝင်သည့် အမှုန့်များက ဆဲလ်များကို ရောင်ရမ်းမှုဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။

ယင်းဆဲလ်များကို အပင်မှရသော ရှူဆေးလိမ်းဆေးများဖြင့် စမ်းသပ်ရာ ရောင်ရမ်းမှုအဆင့် လျော့ကျစေနိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

လေထုညစ်ညမ်းမှုပြင်းထန်ပါက အဆုတ်လုပ်ဆောင်ချက်ကို ထိခိုက်နိုင်ပြီး ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်သည်။

ထို့အပြင် နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်တက်လာနိုင်သည်။

—Ref: MNT
7day daily news
=========================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် – 01-538055 နှင့် 01-2304999 သို့ ၂၄/၇ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၅၃၈၀၅၅၊ ၀၁-၂၃၀၄၉၉၉။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital