• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

အထူးသဖြင့်သက်လတ်ပိုင်းအရွယ်တွင်ပြင်းထန်သော ဦး ခေါင်းဒဏ်ရာရခြင်းကြောင့် ဘဝနှောင်းပိုင်း၌ မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သော အန္တရာယ်မြင့်မားကြောင်း ဖင်လန်နိုင်ငံရှိ သုတေ သီများ၏ လေ့လာမှုအသစ်တစ်ရပ်ကဖော်ပြသည်။

အသက် (၆၅) နှစ် (သို့မဟုတ်) ယင်းထက်ငယ်သောအရွယ် တွင် ဦးနှောက်ဒဏ်ရာရရှိမှုနှင့် ကြုံတွေ့ရသူများကြား မှတ်ဉာဏ် ဆုံးရှုံးမှု အန္တရာယ်ကိုသုတေသီများက လေ့လာခြင်းဖြစ်သည်။

အလယ်အလတ်မှနေ၍ ပြင်းထန်သောဦးခေါင်းထိခိုက်မှုနှင့် ကြုံတွေ့ဖူးသူ ၃ ဒသမ ၅ ရာခိုင်နှုန်းသည် ဘဝနှောင်းပိုင်းတွင် မှတ်ဉာဏ်ဆုံးရှုံးမှုကဲ့သို့ အာရုံကြောဆိုင်ရာ အဆင့်လျော့ကျမှုရော ဂါဖြစ်ပွားကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဦးခေါင်းထိခိုက်ဖူးခြင်းမရှိသည့် သက်တူရွယ်တူများ အာရုံ ကြောဆိုင်ရာအဆင့် လျော့ကျမှုရောဂါဖြစ်ပွားနိုင်ခြေနည်းပါးသည်။ အသက် အလယ်အလတ်မှနေ၍ ပြင်းထန်သောဦးခေါင်းထိခိုက်မှု ကြုံတွေ့ဖူးသူများသည် မှတ်ဉာဏ်ဆုံးရှုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်းပိုများ သည်ဟု သုတေသီများက ပြောသည်။

သို့သော်သုတေသီများက ဦးခေါင်းထိခိုက်မှုနှင့်မှတ်ဉာဏ်ဆုံး ရှုံးခြင်းတို့ကြား ဆက်စပ်မှုကိုသာဖော်ပြပြီး မည်သို့မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်လာကြောင်း ဖော်ပြခြင်းမရှိပေ။

အမြင့်တစ်နေရာမှပြုတ်ကျခြင်း၊ ကားမတော်တဆဖြစ်ခြင်းတို့ ကြောင့် ဦးခေါင်းဒဏ်ရာရသူများအနက် အသက်ရှင်သူ နှစ်ဦးတွင် တစ်ဦးသည် တစ်သက်တာ ကိုယ်ခန္ဓာမသန်စွမ်းမှုများဖြင့် အခက် ကြုံကြရကြောင်း သုတေသီများကပြောသည်။

ဦးခေါင်းထိခိုက်ဒဏ်ရာ အပြည့်အဝပြန်လည်ကောင်းသွားပုံရပြီး နောက်ပိုင်းမှာပင် လုံးဝပျောက်မသွားနိုင်သည့် မှတ်ဉာဏ်ဆုံးရှုံးနိုင်သောအန္တရာယ်များငုပ်လျှိုးလျက်ရှိနေသေးကြောင်း သုတေသီများက ပြောသည်။

—Ref:UPI
7day daily news
=========================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် – 01-538055 နှင့် 01-2304999 သို့ ၂၄/၇ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၅၃၈၀၅၅၊ ၀၁-၂၃၀၄၉၉၉။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital