• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

Influenza A [H1N1] ရောဂါလက္ခဏာများမှာ
နှာရည်ယိုခြင်၊ နှာချေခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ တစ်ခါတစ်ရံတွင် ပျို့အန်ခြင်း နှင့် ၀မ်းသွားခြင်း စသည်တို့ဖြစ်တတ်ပါသည်။ ရောဂါပို၍ပြင်းထန်လာ လျှင် အဖျားကြီးလွန်းခြင်း (အပူချိန် 38 C အထက်ရှိခြင်း) ၊ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်း ထိုသို့ဖြစ်လျှင်ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူသင့်ပါသည်။

Influenza A [H1 N1] ရောဂါကို အောက်ပါအတိုင်း ကြိုတင်ကာကွယ်နိုင်ပါသည်

– ရောဂါကာကွယ်ရေးအတွက် လက်ကိုသန့်စင်စွာဆေးကြောခြင်း
– ပါးစပ်/နှာခေါင်းစည်းအသုံးပြုခြင်း
– လူစုလူဝေးရှိရာနေရာများသို့ သွားရောက်ခြင်းမှရှောင်ကျဉ်ခြင်း
– စသည့်အဓိကကျသောနည်းလမ်းများအနက် ပါးစပ်၊နှာခေါင်းစည်း အသုံးပြုခြင်းသည်တစ်ခုပြစ်ပါသည်။
– ပါးစပ်နှာခေါင်းစည်းကို အောက်ပါအတိုင်း စနစ်တကျအသုံးပြုရန် လိုအပ်ပါသည်။
– ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ချိန်တွင် ပိုးမွှားများပြင်ပတွင် ကပ်နိုင်သဖြင့် လက်ဖြင့်ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ရှားရမည်။
– ပါးစပ်နှာခေါင်းစည်း စိုထိုင်းလာလျှင် ပိုးမွှားများ လွယ်ကူစွာ ကပ်နိုင်သဖြင့် အသစ်လဲလှယ်တပ်ဆင်ရမည်။
– ပါးစပ်နှာခေါင်းစည်းများကို အသုံးပြုပြီးလျှင်ပိုးသန့်စင်ရမည်။
– တစ်ခါသုံးပါးစပ်နှာခေါင်းစည်းများကို ပိုးသန့်စင်ပြီး စနစ်တကျ စွန့်ပစ်ရမည်။
– ပြန်လည်အသုံးပြုနိုင်သော ပါးစပ်နှာခေါင်းစည်များကို ပိုးသန့်စင်ပြီး သေချာစွာလျော်ဖွတ် အသုံးပြုရမည်။
– ပိုးသန့်စင်ရာတွင် 0.5% available chlorine ရရှိစေရန် Bleaching Powder ဟင်းစားဇွန်း (2) ဇွန်းကို ရေတစ်လီတာဖြင့် ဖျော်စပ်ပြီး မိနစ် (30) စိမ်ထားကာအသုံးပြုနိုင်သည်၊ မရှိပါက ရေနွေးဖြင့်ပြုတ်ပြီး ပိုးသန့်စင် ရမည်။
– ပါးစပ်နှာခေါင်းစည်းများအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာဆေးကြောရမည်။ အရက်ပြန်
[ Alcohol rub] ကိုအသုံးပြုနိုင်သည်။
-ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျအသုံးပြုမှသာ ရောဂါကူးစပ်မှုမှကာကွယ်နိုင်ပါသည်။

Immediate Reporting
Immediate Referral
Prevent Yourself
Protect Spread
Save Life
=========================================================
အာရှတော်ဝင်ဆေးရုံ၏၀န်ဆောင်မှုများအတွက် အာရှတော်ဝင်ဖုန်းနံပတ် – 01-538055 နှင့် 01-2304999 သို့ ၂၄/၇ မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်
အမှတ်(၁၄)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၅၃၈၀၅၅၊ ၀၁-၂၃၀၄၉၉၉။
Email: asiaroyal@asiaroyal.com.mm
Website: www.asiaroyalhospital.com
Facebook: www.facebook.com/asiaroyalhospital