• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

လက်ဖက်ရည်၊ ကော်ဖီမသောက်ခင် ရေသောက်ပေးပါ

နံနက်စောစောဗိုက်ထဲအစာ မရှိတုန်း လက်ဖက်ရည်ဒါမှမ ဟုတ် ကော်ဖီကိုတန်းပြီး သောက် တာမျိုးဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးတယ်လို့ သုတေသနပြု ချက်တချို့က ဆိုထားပါတယ်။ အလေ့အထဆိုတာမျိုးကလည်း ဖျောက်ဖို့ ခက်ခဲတဲ့အတွက် ဆိုး ကျိုးနည်းနိုင်သမျှ နည်းဖို့ ကော်ဖီ၊ လက်ဖက်ရည်မသောက်ခင်မှာ ရေကိုအရင်ဆုံးသောက်ရင်း ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

ဆံပင်မပျက်စီးအောင် ခေါင်းဘယ်လိုလျှော်မလဲ

ခေါင်းလျှော်တဲ့အခါမှာ ဆံသား တွေ မပျက်မစီးဘဲ တောက် ပြောင်ကျန်းမာနေစေဖို့အတွက် မှန်ကန်တဲ့ အမူအကျင့်လေးတွေ လုပ်ဖို့တော့ လိုပါတယ်။ ဆံပင် ကို ပျက်စီးအောင်လုပ်မိစေတဲ့ အချက်လေးတွေ သတိထားရ အောင်လို့ ဖော်ပြလိုက်ပါတယ်။

ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်ဓာတ် လို၊ မလို သိနိုင်တဲ့အချက်တွေ

ကယ်လ်ဆီယမ်ဆိုတာ ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ သတ္တု ဓာတ်တစ်မျိုးဖြစ်ပြီး သွားနဲ့အရိုး ကျန်းမာရေးအတွက်သာမက ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပြီး နှလုံးကျန်းမာရေး ကောင်းစေသလို သွေးဖိအားကို လည်း ပုံမှန်အနေအထားရှိနေ အောင် ထိန်းညှိပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်ချို့တဲ့တာဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိ တာမို့ ကယ်လ်ဆီယမ်ချို့တဲ့မှု ရှိ၊ မရှိ သတိပြုနိုင်ဖို့ ဖော်ပြလိုက်ပါ တယ်။

ဝမ်းတွင်းအမြှေးပါးရောင်ခြင်းနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

ဝမ်းဗိုက်အတွင်းပိုင်းနံရံတစ်ဝိုက်စိုစွတ်သော တစ်သျှူးသို့ ဗက် တီးရီးယားများကဲ့သို့ ရောဂါပိုးဝင်ပါက ယင်းဝမ်းတွင်းအမြှေးရောင်ရမ်းမှုဖြစ်ပေါ်လာပြီး အခြေအနေပြင်းထန်ပါက အသက်အန္တရာယ်ရှိနိုင်သည်။

ခြေဖျားအေးရင် ဘာတွေလုပ်သင့်သလဲ

ခြေဖျားတွေအေးတယ်ဆို တာဟာ ခြေထောက်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်း ကောင်းမရောက်တဲ့အတွက် ဖြစ် လေ့ရှိတဲ့ပြဿနာတစ်ခုပါ။ ဒီလို သာမန်ပြဿနာလေးလို့ဆိုပေ မယ့်လည်း သွေးအားနည်းရောဂါ၊ နာတာရှည်ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အ ပူရှိန်အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆို တာလည်း သိထားသင့်ပါတယ်။ ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာ ရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်းတချို့ကို ဖော်ပြပေး လိုက်ပါတယ်။

အစာတွေကို အချိန်မဟုတ်ဘဲ စားရင် ဆိုးကျိုးပေးနိုင်တယ်ဆိုတာ သိသလား

ကျန်းမာသော ခန္ဓာကိုယ်ဖြစ် ဖို့ လိုအပ်တဲ့ အာဟာရတွေကို မျှတစွာ စားသုံးဖို့ လိုအပ်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် အာဟာရဖြစ်ပါတယ်ဆိုတဲ့ အစားအစာတွေကို စားသောက်တဲ့ နည်းလမ်းမမှန်ခဲ့ရင် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်တတ်တယ်ဆိုတာ သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

Page 3 of 7...234...