• +95 1 538 055, +95 1 230 4999
  • asiaroyal@asiaroyal.com.mm

“ ကလီစာစားခြင်း၏ အကျိုးကျေးဇူးများနှင့် ဘေးအန္တရာယ်များ”

ကလီစာများတွင် အာဟာရဓာတ်များ ပါဝင်သော်လည်း စားသုံး ချိန်တွင် အကျိုးကျေးဇူးများ ရနိုင်သည့်အပြင် အချို့သောအန္တရာယ် များလည်း ရှိနိုင်သည်။

ကလီစာများတွင် ဗီတာမင်နှင့် အာဟာရဓာတ်အချို့ မြင့်မား စွာ ပါဝင်သည်။ သို့သော် သေချာစွာ သန့်စင်ခြင်းမရှိပါက အူများ တွင် အန္တရာယ်ရှိသော ဗက်တီးရီးယားများ ရှိနိုင်သည်။ ထို့အပြင် ဦးနှောက်များမှတစ်ဆင့် Mad Cow Disease ခေါ် အာရုံကြော စနစ် ပျက်ပြားစေသောရောဂါ ကူးစက်နိုင်ခြေရှိသည်။

“ ပြေးခြင်းက ကယ်လိုရီတွေကို ဘယ်လိုလောင်ကျွမ်းစေနိုင်သလဲ?”

အချို့သော သူတွေက ပြေးလွှားခြင်းကို နှလုံးကျန်းမာရေး လေ့ကျင့်ခန်းအနေနဲ့ ရွေးချယ်လုပ်ဆောင်ကြပေမယ့် တစ်ချို့တွေက ပြေးလွှားခြင်းရဲ့ ကယ်လိုရီကိုလောင်ကျွမ်းစေနိုင်တဲ့ အစွမ်းအပေါ်မှာ စိတ်ဝင်စားကြပြီး ကိုယ်ခန္ဓာ လှပအောင် လုပ်ဆောင်နေကြပါတယ်။

နှစ်ပေါင်းများစွာ အကြာ လေ့လာပြီးနောက် လေ့ကျင့်သူတွေက ပြေးလွှားခြင်းဟာ အဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ သက်သေပြခဲ့ပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်တဲ့အခါ

စိတ်ပင်ပန်းနွမ်းနယ်တဲ့အခါ ဘာတွေစားသင့်လဲ ဘာတွေလုပ်သင့်လဲဆိုတာကို အာရှတော်ဝင်ဆေးရုံမှ အများပြည်သူများဗဟုသုတ ရရှိစေရန် Good Health Journal ၌ ဒေါက်တာစိမ့် ဖော်ပြထားတာလေးကို မျှဝေပေးလိုက်ပါတယ်။

စိတ်ပင်ပန်းနောက်ကျိလာတဲ့အခါမှာ များသောအားဖြင့် သွားလာလှုပ်ရှားမှုတစ် ခုခုလုပ်ပြီး အာရုံအပြောင်းအလဲဖြစ် အောင်၊ စိတ်ပင်ပန်းမှုတွေ လျော့နည်း သက်သာအောင် လုပ်ကြပါတယ်။ လူ တော်တော်များ သတိမေ့နေကြတာက အစားအသောက်ကိုပါ ဂရုစိုက်ပေးဖို့ပါ။

မိုးအကုန်ဆောင်းအကူး ရာသီအကူးအပြောင်းကာလ

ယခုအချိန်အခါသည် မိုးအကုန်ဆောင်းအကူး ရာသီအကူးအပြောင်းကာလဖြစ်ပါသည်။ ကလေးငယ်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ယခင်ကထက်ပိုမိုဖြစ်ပွားနေသည်ကို အာရှတော်ဝင်ဆေးရုံဘက်မှ သတိပြုမိပါသည်။ ထို့ကြောင့် 7 days journal တွင်ဖော်ပြခဲ့သော ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်ကေသီထွန်း၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးကောင်းတစ်ပုဒ်ကို ဖေဖေမေမေတို့အတွက် တင်ပြလိုပါသည်။

အသည်းရောင် အသားဝါစီရောဂါအကြောင်း သိကောင်းစရာ

Asia Royal Hospital page ကို Like လုပ်ထားခြင်းအားဖြင့် မိဘပြည်သူများအတွက် အပတ်စဉ် ကျန်းမာရေးဗဟုသုတသတင်းများ၊ ကျန်းမာရေးနှင့်ပက်သက်သောသတင်းထူးများ၊ Treatment အသစ်များ၊ အာရှတော်ဝင်ဆေးရုံမှ service များ၊ promotion များကို အချိန်နှင့်တပြေးညီ update ရယူနိုင်ပါသည်။
သွေးစစ်လိုက်၍ Anti-HCV Antibody positive ဖြစ်လျှင်စီပိုးရှိသည်ဟု ခေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၂၅% (၁၅ သန်းခန့်) စီပိုး ကူးစက်ခံခဲ့ရပြီး ဖြစ်ပါသည်။

လေဖြတ်ရောဂါ

လေဖြတ်ရောဂါသည် ဦးနှောက်ကို သွေးလည်ပတ်မှု/ သွေးရောက်ရှိမှု ရပ်ဆိုင်းသွားတဲ့အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာရတဲ့ရောဂါဖြစ်သည်၊ ဦးနှောက်အစိတ်အပိုင်းများအတွက် လိုအပ်သော သွေးလည်ပတ်မှုပမာဏ မရရှိပါက ၄င်းနေရာရဲ့ လုပ်ငန်းတွေဟာ နှေးကွေးရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါသည်။ လေဖြတ်ရောဂါ နှစ်မျိုးနှစ်စားရှိသည်၊ ဦးနှောက်သွေးကြောပိတ်ဆို့လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောပေါက်လို့ ဦးနှောက်အတွင်းသွေးယိုပြီး လေဖြတ်ခြင်းတို့ဖြစ်သည်။

Page 1 of 9123...5...