အာရှတော်ဝင်ဆေးရုံသည် မြန်မာပြည်သူများအကြားအသုံးပြုမှုများပြားသောViber Application ကိုအသုံးပြု၍ ဆရာဝန်ကြီးများနှင့် ကြိုတင်ရက်ချိန်းရယူနိုင်မည့်အစီအစဉ်ကိုကဏ္ဍအသစ်တစ်ခုအဖြစ် တိုးချဲ့လက်ခံဆောင်ရွက်ပေးတော့မည်ဖြစ်ပါသည်။
အာရှတော်ဝင်ဆေးရုံတွင် ထိုင်သော ဆရာဝန်ကြီးများ၏ ကြိုတင်ရက်ချိန်းကိုViberဖြင့် ရယူနိုင်မည့်
ဖုန်းနံပါတ်သည် ၀၉-၉၇၁၈၀၄၇၀၅ ဖြစ်ပါသည်။
ကနဦးစတင်ချိန်တွင် Viber Booking လက်ခံဆောင်ရွက်ပေးမည့် အစီအစဉ်ကိုနေ့စဉ် နံနက် ၉နာရီမှ ညနေ ၅နာရီအတွင်းသာ ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။
Viber Booking ယူရာတွင်ဆေးခန်းပြသလိုသည့်ရက်ထက်အနည်းဆုံး ၃ရက်မှ အများဆုံး ၂ပတ်အထိသာကြိုတင်ရက်ချိန်းရယူနိုင်မည် ဖြစ်ပါသည်။
Viber ဖြင့် ကြိုတင်ရက်ချိန်းရယူရာတွင်လိုအပ်သောအချက်၄ချက်မှာ
- မိမိပြသလိုသော ဆရာဝန်ကြီးအမည်နှင့် သက်ဆိုင်ရာဆေးကုသရေးနယ်ပယ် (ဥပမာ - ဒေါက်တာဘ၊ နှလုံးအထူးကု)
- လူနာအမည်
- ပြသလိုသောလူနာထံတိုက်ရိုက်ဆက်သွယ်၍ရမည့် ဖုန်းနံပါတ် (ဆရာဝန်ကြီးများအချိန်အပြောင်းအလဲတစုံတရာရှိပါကလူနာထံအကြောင်းကြားရန်အတွက် ဖြစ်ပါသည်။)
- ဆေးခန်းပြသမည့်နေ့ရက် ( ဥပမာ - နိုဝင်ဘာ ၃၀၊ ၂၀၁၈ - သောကြာနေ့)
Booking နံပါတ်နှင့် ဆေးခန်းပြသရန် ခန့်မှန်းချိန်အားဖုန်းဖြင့် ပြန်လည်ဆက်သွယ် အကြောင်းကြားပေးပါမည်။
မှတ်ချက် - Viber ဝန်ဆောင်မှုသည် Bookingအတွက် သီးသန့်ထားရှိသော ဝန်ဆောင်မှုဖြစ်သောကြောင့် အရေးတကြီးဆေးခန်းပြသလိုပါက (သို့မဟုတ်) ဆရာဝန်ကြီးများဆေးခန်းထိုင်မည့်အချိန်နှင့် အခြားသောသတင်းအချက်အလက်များကိုစုံစမ်းမေးမြန်းလိုပါကHotline No: ၀၁-၅၃၈၀၅၅, ၀၁-၂၃၀၄၉၉၉ (လိုင်းခွဲ - ၀ သို့မဟုတ် ၁၂၁၂) သို့စုံစမ်းမေးမြန်းနိုင်ပါသည်။